Soundcloud ကသီချင်းတွေ ဘယ်လိုဒေါင်းမလဲ
ဆရာတော့မဟုတ်ပါဘူးဗျာ စမ်းကြည့်ရင်းနဲ့သိလာရတာလေးပါ ပြီးတော့မသိသေးတဲ့သူတွေအကူအညီရအောင်လို့ပါ။ပထမဦးဆုံး အင်တာနက်ဖွင့်ပြီး soundcloud နဲ့ ကိုယ်ကြိုက်ရာ သီချင်းကို ဆုံးအောင်နားထောင်ပါပေးပါ။လိုင်းမကောင်းရင်တော့ ညစ်စရာကြီးဗျ ထစ် ထစ်နေတတ်တာက :-) :-)
ပြီးရင်တော့ filemanager ထဲလစ်မယ်
သူ့ထဲမှာ ဟောလို အစဉ်လိုက်သွားကြမယ်ဗျ
android>>data>>com.soundclould.android>>files>>stream>>Complete ထဲရောက်ရင် cache file လေးတွေတွေ့ရမယ်ဗျ ကိုယ်နားထောင်ထားတဲ့ အရေအတွက်အတိုင်းပါပဲ
အဲဒီဟာတွေကို rename လုပ် အနောက်မှာ ( .mp3 )ထည့်ပေးလိုက်ရင်ရပြီဗျ ပြီးရင်နေရာပြောင်းပြီးသိမ်းထားလိုက်ပေါ့။
အဲဒီ cache file လေးတွေက cleaner နဲ့ ဖုန်းရှင်းတဲ့အခါ ပျက်ပျောက်သွားတယ်ဗျ
ကျေးဇူးတင်ပါတယ်ခင်ဗျာ
့



Comments
Post a Comment